“ဆောင်းသီးနှံမှ သွင်းအားစုချေးငွေ ထုတ်ချေးနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ” ခရမ်းမြို့၊ ဒီဇင်ဘာလ ( ၁၃ ) ရက်

Powered by Drupal

        ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား နိုင်ငံစီးပွားရေးမြှင့်တင်မှု စီမံကိန်းရန်ပုံငွေမှ သွင်းအားစုချေးငွေ အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် ဒီဇင်ဘာ(၃)ရက်နေ့ နေ့လည်(၁၁:၀၀) နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ခန်းမ၌ ဆောင်းသီးနှံသွင်းအားစုချေးငွေ ထုတ်ချေးနိုင်ရေး လုပ်ငန်းညှိအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။

      အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက တစ်နိုင်ငံလုံးလျာထားချက် ဆောင်းသီးနှံ ပဲတီစိမ်း(ဧက ၅ သိန်း) နှင့် ငွေစပါးစိုက်(ဧက ၈ သိန်းခွဲ)ရှိ ပြီး ရန်ကုန်တိုင်းအနေဖြင့် ပဲတီစိမ်း အဓိကစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသော ဒေသများမှာ သုံးခွ၊ ခရမ်း၊ ကျောက်တန်းတို့ ဖြစ်ကြောင်း ကော့မှူးမြို့နယ်တွင်လည်း ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးသွားရမည်ဖြစ်ပါကြောင်း ဆောင်းသီးနှံပဲတီစိမ်းနှင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစု ချေးငွေတို့ကို  အမြန်ဆုံးထုတ်ချေးနိုင်ရေးတို့အတွက် နိုင်ငံစီးပွားမြှင့်တင်မှု စီမံကိန်းရန်ပုံငွေမှ အမြန်ဆုံးရရှိဆောင်ရွက်လျက်ရှိကြောင်း ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် တောင်သူအစုအဖွဲ့ နှင့်ချေးငွေစာချုပ် ချုပ်ဆိုနိုင်ရေးတို့အတွက် သမဝါယမဦးစီးဌာနမှ ထွက်ရှိသောသီးနှံများအား ဝယ်ယူ၊ ကြိတ်ခွဲ၊ ဖြန့်ဖြူးရောင်းချနိုင်ရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။

      ဆောင်းသီးနှံသွင်းအားစုချေးငွေထုတ်ချေးနိုင်ရေး လုပ်ငန်းညှိအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒု-ဦးစီးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဆည်မြောင်းဦးစီးဌာနမှဦးစီးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး၊ မြို့ နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)