မြိတ်မြို့တွင် အွန်လိုင်းစနစ်တွင်မှတ်ပုံတင်လက်မှတ်လျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

        ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ ၁၆း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ မြို့သစ် ရပ်ရှိ M2 Fancy Collection ဖန်စီပစ္စည်းရောင်းချသည့်လုပ်ငန်းနှင့် ချောင်းကူးငယ်ရပ်ရှိ Shin Thant May စားသောက်ကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းများအား အွန်လိုင်းရောင်းချခွင့်လိုင်စင် လျှောက် ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံ တင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ် ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)