ဒေးဒရဲမြို့၊ ဗိုလ်တဲ အ-မ-က ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ သည် (၁၀.၁၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ ဒေးဒရဲမြို့အမှတ် (၂)ရပ်ကွက်ရှိ ဗိုလ်တဲ အ-မ-က ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ၊ဆရာ၊ဆရာမများအား စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်မှ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူများနစ်နာမှုရှိပါက တိုင်းကြားနိုင်မှုအခြေအနေ၊ ရွေးချယ်စာသုံး သင့်သည့်အစားအစာများအကြောင်းနှင့် စားသုံးသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ ပါသည်။

DOCA(ဧရာဝတီ)