“လားရှိူးမြို့ရှိ MSME ထုတ်ကုန်ဖြစ်သော “ရွှေတောင်” အမှတ်တံဆိပ် လက်ဖက်ခြောက်နှင့် နေကြာစေ့လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

             လားရှိုးမြို့အခြေစိုက် “ရွှေတောင်” လက်ဖက်ခြောက်နှင့် နေကြာစေ့လုပ်ငန်းသည် ဒေသတွင်း ထင်ရှားကျော်ကြားသော MSME အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်ထုတ်လုပ်မှုဆိုင်ရာစံချိန်စံညွှန်းများနှင့် စားသုံးသူကာကွယ်ရေးဥပဒေများ လိုက်နာစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ လားရှိုးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ( ၁၇ ) ရက်၊  နေ့လယ် ( ၀၉:၀၀ ) နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ လက်ဖက်ခြောက်နှင့် နေကြာစေ့ အထုပ်များပေါ်တွင် အမျိုးအမည်၊ အသားတင်အလေးချိန်နှင့် ထားသိုပုံအညွှန်းများကို မြန်မာဘာသာဖြင့် မဖြစ်မနေပြည့်စုံစွာဖော်ပြရန် ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ နှင့် ဓာတ်မတည့်မှုသတိပေးချက်များ (ဥပဒေညွှန်ကြားချက် ၂/၂၀၁၉ ပါအတိုင်း) ကိုက်ညီမှုရှိမရှိ စိစစ်ခဲ့ကြောင်း သိရသည်။

            စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် သန့်ရှင်း သပ်ရပ်စွာထုတ်လုပ်ရန်နှင့် ဓာတုဆိုးဆေး (သို့မဟုတ်) တားမြစ်တာရှည်ခံဆေးများ မသုံးစွဲရန် အသိပညာပေးခြင်းနှင့် ကုန်စည်များ သိုလှောင်ထားရှိမှုစနစ် ကောင်းမွန်စေရန်နှင့် သတ်မှတ် ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေးကို လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့်တာဝန်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရှမ်း)