အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမျိုးထွန်း၊ ဦးစီးအရာရှိနှင့် ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးတို့သည် မန္တလေးမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်း ရှင်သည် မြို့နယ်အတွင်း ရောင်းချနေသောလုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို (၈-၆-၂၀၂၆)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များထံသို့ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင် ထားသည့် လုပ်ငန်းများဖြစ်သည့် အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံး၊ စီးပွားရေးနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကလေးအသုံးအဆောင် ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊  လက်မှုပစ္စည်းများ၊ အထည်အလိပ်အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း များနှင့် အခြားဝန်ဆောင်မှုများရောင်းချသည့် လုပ်ငန်းရှင်များထံသို့သွားရောက်၍ အွန်လိုင်းမှတ်ပုံ တင်စဉ်က ဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ရောင်းချရန်ကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစားများ ကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှု ရှိ/မရှိကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့် တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အကြောင်း များကို အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)