မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၆)ကျင်းပခြင်း

Powered by Drupal

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း  ဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌   လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၆) အား ၁၁.၆.၂၀၂၆ ရက်နေ့နံနက်(၁၀:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။   မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးဇေယျာဆွေ မှ အဖွင့်အမှာစကားပြောကြားရာတွင် ဇွန်လအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှကျင်းပသည့်ဆွေးနွေးပွဲများတက်ရောက်ရန်ကိစ္စ၊ မန္တလေးမြို့ တော်ခန်းမတွင် ကျင်းပပြုလုပ်မည့် MSME ပြပွဲ၌ Business Matching တွင် ထုတ်ကုန် အမယ်သစ်များ၊ အလား အလာရှိသော ထုတ်ကုန်များ နှင့်ပတ်သက်၍ ကုန်ကြမ်း ရရှိရေး၊ ကုန်ချောထုတ်လုပ်မှု၊ ပါကင်ထုတ် ပိုးမှုနှင့် စျေးကွက်အခြေအနေများဆွေးနွေးရာတွင် ပူးပေါင်းဆောင်ရွက်ရန်ရှိပါကြောင်း၊ ခရိုင် အလိုက်လိုအပ်သည်များ ကြိုတင်ချိတ်ဆက် ဆောင်ရွက်ထားကြရန် ပြောကြားကြောင်းသိရှိရပါသည်။အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး များ ၊ ဌာနခွဲတာဝန်ခံများမှ လုပ်ငန်းဆောင်ရွက် မှုများနှင့် ဌာနပိုင်မြေနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ ပြင်ထိန်းလုပ်ငန်းများအသီးသီးတင်ပြခဲ့ကြပြီး၊ မန္တလေး တိုင်း ဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်းများမှ in Person ဖြင့် တက်ရောက်၍ ခရိုင်ဦးစီးမှူးများမှ  Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)