
ယခုအခါ မိုးဦးကာလသို့ရောက်ရှိလာပြီဖြစ်သဖြင့် တောင်ငူလယ်သမားများ မိုးစပါး စိုက်ပျိုး နိုင်ရန် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ရာ အရင်းအနှီးများလိုအပ်နေပြီဖြစ်ပါသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် နှစ်စဉ်စပါး စတင်စိုက်ပျိုးချိန်တွင်လည်းကောင်း၊ ဆောင်းသီးနှံစတင်စိုက်ပျိုးချိန်တွင်လည်း ကောင်း တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အုတ်တွင်းဘဏ်ခွဲသည် ၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)အုပ်စုမှ တောင်သူလယ်သမား(၉၇၀၀၀)ဦး၏ မိုးစပါး စိုက်ဧက(၆၀၀၀၀)အတွက် တစ်ဧကလျှင်ကျပ် (၃၀၀၀၀ဝိ/-)နှုန်းဖြင့် ငွေကျပ် သိန်းပေါင်းတစ်သိန်း နှစ်သောင်းထုတ်ပေးရန် လျာထားပြီး စတင်ထုတ်ပေးနေပြီဖြစ်သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများ စားဝတ်နေရေးအဆင်ပြေပြီး လူမှုဘဝတိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကိုထုတ်ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူ များထံမှသိရှိရပါသည်။
DOCA(ပဲခူး)
