ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ကုန်တွင် ဆန်ကြိတ်ခွဲတင်ပို့မှု ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေ

Powered by Drupal

          ၂၀၂၆ ခုနှစ်၊ ပထမ (၅) လအတွင်း ထူးကဲသော ဆန်တင်ပို့မှုစွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား မြင့်တက်လာခြင်းနှင့် ဈေးကွက်ကွဲပြားမှု ခိုင်မာခြင်းတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအဖွဲ့ချုပ် (CRF) က ၂၀၂၆ ခုနှစ်အကုန်တွင် ဆန်တန်ချိန် တစ်သန်း တင်ပို့နိုင်သည့် သမိုင်းဝင်မှတ်တိုင်ကို အောင်မြင်စွာရောက်ရှိနိုင်မည်ဟု အခိုင်အမာ ဖော်ပြခဲ့သည်။ CRF မှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ဆန်တန်ချိန် ၅၆၈,၉၁၂ တန် တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂၇ သန်း ရရှိခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဆန်စပါးတင်ပို့မှု တန်ချိန် ၂.၇၅ သန်း ရရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၉၁.၄၁ သန်း ထပ်မံရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်ကာလတူတွင် တင်ပို့ခဲ့သော တန်ချိန် ၃၄၄,၁၉၉ တန်နှင့် နှိုင်းယှဉ်ပါက ၎င်းသည် ပမာဏ ၆၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပြီး နိုင်ငံတော်၏ ရေရှည်တင်ပို့မှုရည်မှန်းချက်များဆီသို့ အရှိန်မြှင့်တင်မှုကို ပြသနေသည်။ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလအကုန်တွင် ဆန်တင်ပို့မှုတန်ချိန်တစ်သန်း ပြည့်မီစေရန်အတွက် CRF သည် ကမ္ဘာ့ဈေးကွက်များ ကို စူးစမ်းလေ့လာခြင်းတို့ကို အာရုံစိုက်လျက်ရှိပြီး မဟာဗျူဟာတစ်ခုကို ချမှတ်ထားကြောင်း CRF ဥက္ကဋ္ဌ Lay Chhun Hour က ပြောကြားခဲ့သည်။ CRF သည် လယ်သမားများကို ပံ့ပိုးရန်၊ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်စေရန်နှင့် ကုန်သွယ်ရေးမစ်ရှင်များနှင့် စျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများမှတစ်ဆင့် ကမ္ဘောဒီးယားဆန်ကို သတ်မှတ်ထားသော ဈေးကွက်များတွင် မြှင့်တင်ရန် စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဒေသခံသမဝါယမများ၊  နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ CRF သည် ၎င်း၏ရှိပြီးသားဈေးကွက်များကို ဆက်လက်အားကောင်းစေပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ ဈေးကွက်များကို ဆက်လက်စူးစမ်းလေ့လာပြီး ဈေးကွက်အသစ်များသို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်အလမ်းများရှာဖွေနေပြီး ၎င်းသည် ၂၀၂၆ ခုနှစ်တွင် တန်ချိန် တစ်သန်းရည်မှန်းချက်သို့ ရောက်ရှိရန် နိုင်ငံအား ကူညီပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)