မြိတ်မြို့ရှိ ကုန်စည်မျိုးစုံရောင်းချသည့် ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဦးစားပေးရွေးချယ် စစ်ဆေးဆောင်ရွက်ရမည့် ကုန်စည်များဖြစ်ကြသော ဟင်းချိုမှုန့်အမျိုးမျိုးနှင့် အသင့်စား ခေါက်ဆွဲ ခြောက်၊ ကြာဇံခြောက်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါစျေးကွက်မ‌‌ရောက်မီစစ်‌ဆေးခြင်းဆောင်ရွက်ရာတွင် စျေးကွက်အတွင်း စားသုံးသူ ပြည် သူများ ဝယ်ယူသုံးစွဲနေသော ကုန်စည်များအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူအသုံးပြုနိုင် စေရေးအတွက် စားသုံးသူများသုံးစွဲမှုများပြားသည့်ကုန်စည်များအား ဘဏ္ဍာနှစ်အလိုက် ဦးစားပေး စျေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ကုန်စည်အမျိုးအမည်များနှင့် ကုန်စည်အုပ်စုအလိုက် လျာထား ချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိရာ ဇွန်လအတွင်းစစ်ဆေးဆောင်ရွက်ရမည့် ဟင်းချိုမှုန့်အမျိုး မျိုး၊ အသင့်စားခေါက်ဆွဲခြောက်၊ ကြဇံခြောက်များအား စစ်ဆေး‌ဆောင်ရွက်ရာတွင် စျေးကွက် အတွင်းရောင်းချနေသော ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားပါအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ပါရှိမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ ထုတ်လုပ်/ သက်တမ်း ကုန်ဆုံးသည့်ရွက်စွဲများ ပါရှိမှုများ ရှိ/မရှိ နှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီမှုရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့‌‌ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)