“ကျောက်ဆည်မြို့နယ်ရှိ ဆေးဆိုင်များအားကွင်းဆင်းစစ်ဆေး”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်တွင် (၁၃-၁၂-၂၀၂၂)ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီအချိန်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)မှ အဖွဲ့ဝင်များနှင့်အတူ ကျောက်ဆည်မြို့နယ် ၊ အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ် ဥပဒေရုံး နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှအဖွဲ့ဝင်များပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများလက်လီ၊ လက်ကားရောင်းချနေသော ဆေးဆိုင်များအား  ကွင်းဆင်းစစ် ဆေး ခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ရောင်းချခွင့်လိုင်စင်ရှိ/မရှိနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချမှုရှိ/မရှိ ၊ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များရောင်းချနေမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးစိုးမင်းထွန်းက ဆေးဝါးဖြည့်စွက်စာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့်ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းညွှန်ကြားချက်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးနှင့် လိမ်းဆေးအမျိုးမျိုး၊ အဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင်ကုန်အမှတ်တံဆိပ်၊ အမျိုးအမည် ၊ အရွယ်အစားအရေအတွက် နှင့် အသားတင်ပါဝင်မှုပမာဏ ၊ ထားသိုသိမ်းဆည်းပုံ အညွှန်း ၊ သုံးစွဲပုံနည်းလမ်း ၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည်စုံမှန်ကန်စွာ ဖော်ပြထား ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင် (၉)ဆိုင်အား စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)