စားသုံးသူကာကွယ်ရေးအသိပညာဟောပြောပွဲကျင်းပ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ဒီဇင်ဘာလ(၈)ရက်နေ့၊ နံနက်(၁:၀၀)နာရီ အချိန်တွင် တောင်ကြီးမြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (အေးသာယာ)၌ ကျောင်းသား/ကျောင်းသူများ စားသုံးသူအခွင့်အရေးနှင့်တာဝန် များ သိရှိပြီး စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် တောင်ကြီးမြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (အေးသာယာ)မှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ဒေါ်စောယုထွေး(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာ များနှင့်ပတ်သက်၍ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သောဗဟုသုတများ၊ စားသုံးသူကာကွယ် ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် နှင့်စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါကစစ်ဆေးကြည့်ရှုရ မည့် ကုန်အညွှန်းအမှတ်အသားပါအချက် အချက်အလက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါက တိုင်တန်းနိုင်ကြောင်းစသည့်  စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို   ရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ ဆရာ/ဆရာမအပါအဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)