ဈေးကွက်အတွင်းရောင်းချနေသည့် မျှစ်ဈေးကွက်

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ဒေသတစ်ဝိုက်နှင့် ရွှေတောင်မြို့နယ်ဒေသအတွင်းရှိ တောင်ခြေများနှင့်နီးသော ကျေးလက်ဒေသများတွင် ဝါးရုံတောများတွင် မျှစ်များကို အများအပြား ချိုးယူရရှိနိုင်ပါသည်။ မျှစ်များလှိုင်လှိုင်ထွက်ပေါ်သော မိုးဦးကျရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်လများသည် မျှစ်အပေါဆုံးထွက်ရှိသောလများ ဖြစ်ပါသည်။ မျှစ်သည် ဝါးပင်ငယ်ရက်သတ္တပတ် နှစ်ပတ်အရွယ် မတိုင်ခင် အမြင့်တစ်ပေမပြည့်ခင်အချိန်တွင် ခူးဆွတ်ရသည့် ဝါးပင်ရဲ့အသားတက်လေးများ ဖြစ်ပါသည်။ မျှစ်ရဲ့ အရသာမှာ ခပ်ကြွပ်ကြွပ်လေးဖြစ်ပါသည်။ မျှစ်များကို ချိုးယူပြီး ချက်ချင်းစားသုံး နိုင်သလို တာရှည်ခံအောင် မျှစ်ချည်ပြုလုပ်ပြီးလည်း စားသုံးနိုင်ပါသည်။ မျှစ်များကို ချိုးယူလာပြီး အစိမ်းအတိုင်းရှိနေသည့် မျှစ်များကို ရေပွက်ပွက်ဆူတွင် ထည့်ပြုတ်ပြီး မျှစ်အစိမ်းရောင်မှ အနီရောင်ဖြစ်လာပြီး နူးအိနေသည့် အချိန်တွင် သယ်ယူပြီးစားသောက်ရပါသည်။ မျှစ်များ ဝယ်ယူစားသောက်ရာတွင် လတ်ဆတ်နူးညံ့သည့် မျှစ်များကိုသာ ဝယ်ယူစားသုံးသင့်ပြီး အညိုပုတ်ရောင်များပြောင်းသွားသည့်အခါ စားသောက်ရန် မသင့် တော်တော့ပါ။ မျှစ်များကို စားသောက်ရာတွင် တစ်နှစ်ပတ်လုံး စားသုံးရန်အတွက် မျှစ်ခြောက်၊ မျှစ်ချည် စသဖြင့် တာရှည်ခံအောင် ပြုလုပ်ထားပြီး စားသုံးကြပါသည်။ မျှစ်အမျိုးအစားများမှာ ဒေသအခေါ်အဝေါ် အလိုက် အမျိုးမျိုးခေါ်ဆိုကြပါသည်။ တောင်ပေါ်တောများမှ မျှစ်အမျိုးအစားများမှာ သိုက်မျှစ်၊ ကြသောင်းမျှစ်၊ မျှင်မျှစ်၊ ဝါးပြုမျှင်နှင့် ဝါးပိုးမျှင်တို့ဖြစ်ပါသည်။ မျှစ်များအရွယ်ရောက်လာပြီးလျှင် ဝါးပင် အဖြစ်အသုံးပြုရာတွင် ဆောက်လုပ်ရေးလုပ်ငန်းတွင်လည်းကောင်း၊ ဇကော၊ ဇကာ၊ ခြင်းတောင်း၊ ပုတ်တောင်းနှင့် ဝါးခမောက်များတွင်လည်းအသုံးပြုရာတွင်အလွန်အသုံးဝင်လှပါသည်။မျှစ်ကိုကြော်စား၍လည်းကောင်း၊ အသားဟင်းနှင့် တွဲဖက် ၍လည်းကောင်း၊ ငါးပိရည်တို့စရာအဖြစ် လည်းကောင်း စားသုံးကြပါသည်။ မျှစ်ကို စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်ကျစေခြင်း၊ နှလုံး ကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ဝမ်းမှန်စေခြင်းဖြင့် ကျန်းမာရေးအတွက် အသုံးဝင်ပါ သည်။ ကျန်းမာရေးအတွက် ကောင်းမွန်စေသော်လည်း စားသုံးရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များအတွက် စားသုံးရန်မသင့် သည့်အတွက် စားသုံးရန် မသင့်တော်ပါ။ ယခုအချိန်တွင် မျှစ် များသည် ပေါ်စအချိန်ဖြစ်သည့်အတွက် မျှစ်ဈေးကွက်အတွင်း မျှစ်ပြုတ်ပြီးသား တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ဈေးနှုန်းဖြင့် လက်လီရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)