ပခုက္ကူကြက်သွန်နီဇွန်လ (တတိယပတ်)တွင် ဈေးနှုန်းအနည်းငယ်တက်

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲနယ်မှလည်း ဥပုသ်နေ့မှလွဲ၍ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက် သွန်နီ ဈေးကွက်အနေဖြင့် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။

          ယခု၂၀၂၆ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ် (၃၂၅၀) ၊ အလတ် ကျပ် (၂၈၀၀)၊ အနိမ့်စ ကျပ်(၂၁၀၀) ဖြစ်ပြီး  ယခင်မေလ(တတိယပတ်) တွင်  အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာ လျှင်ကျပ် (၂၈၀၀) ၊ အလတ် ကျပ် (၂၃၀၀)၊ အနိမ့်စကျပ်(၁၈၀၀)ဖြစ်၍ ဈေးနှုန်း နှိုင်းယှဉ် ပါကတစ်ပိဿာလျှင်ကျပ် (၅၀၀)ခန့် ဈေးတက်နေပြီး  အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေစဉ်တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ)တင် ပို့ နေကြောင်း ကုန်သည် များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၅၀၀) မှ အနိမ့်ဈေး ကျပ်(၃၀၀၀)ထိ အရောင်းအဝယ်ဖြစ် လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)