တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ တို့ဟူးဈေးကွက်

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ တို့ဟူးစိမ်းကို ပြုလုပ်ပြီး မိသားစုတစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ဈေးများတွင် ပြုလုပ်ရောင်းချကြပါသည်။  တို့ဟူးစိမ်းများကို သရေစာအဖြစ် အိမ်များတွင် ပြုလုပ်စားသုံးကြပါသည်။ တို့ဟူးကျိုရန် အတွက် ကျိုချက်ရာတွင် ပဲစိမ်းမှုန့်ကို အသုံးပြုကြောင်း၊ ပဲစိမ်းမှုန့်တစ်ဆ၊ ရေနှစ်ဆရောစပ်၍ ပဲစိမ်း မှုန့် အလုံးအခဲလေးတွေ   မကျန်အောင်သေချာဖျော်ထားပြီး နာရီဝက်လောက် ခဏထားကြောင်း ၎င်းနောက် တို့ဟူးကျိုမည့်အိုးထဲသို့ ဇကာလေးနဲ့စစ်ထည့်ပြီး နနွင်းမှုံ၊ ဆား၊ ဆီအနည်းငယ်ထည့်ပြီး မီးအနေတော်ဖြင့်ကျိုရကြောင်း၊ စကျိုသည့်အချိန်မှစ၍ နှစ်မိနစ်ခန့်ကြာလျှင် အလုံးအခဲလေးတွေ စဖြစ်လာပါက အဆက်မပြတ်မွှေပေးရကြောင်း၊ စကျိုသည့်အချိန်မှစ၍ ဆယ်မိနစ်ခန့်ကြာလျှင် ကြွက်မြီးတန်းလာပါက မီးဖိုပေါ်မှချရကြောင်း၊ ထို့နောက် အဆင်သင့်ဆီသုပ်ထားတဲ့ လင်ပန်း (သို့) ခွက်တစ်ခုထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ကိုညီအောင် ဆီသုတ်ထားသည့် ဇွန်း နှင့်ညှိပေးရ ကြောင်း၊ ပြီးနောက် သုံးနာရီအအေးခံ ထားပြီးပါက တို့ဟူးစိမ်းများရရှိ၍ ဈေးကွက်သို့ ရောင်းချ ကြောင်းသိရှိရပါသည်။ မြိတ်မြို့ပေါ်တွင် နေအိမ်များတွင်လည်း လိုသလောက် လုပ်ကိုင်စားသုံးကြ ပါသည်။

          မြိတ်မြို့ ဈေးကြီးများတွင် ၂၀၂‌၆ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော တို့ဟူး စိမ်းလက်လီ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် လက်ကားတစ်ပိဿာလျှင်(၅၅၀၀)ကျပ်ဖြင့် စားသုံး မှုများပြီး လူကြိုက်များကြောင်း၊ အရောင်းအဝယ်ကောင်းပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း တို့ဟူးစိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(တနင်္သာရီ)