ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဌနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် (၁၁.၁၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီမှ (၁၄:၀၀)နာရီအထိ ဒေါ်နီနီမိုး၏ မိဘမေတ္တာဆန်စက်တွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါ်နီနီမိုးနှင့်တွေ့ဆုံခဲ့ပါသည်။

          ယင်းသို့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌဒေါ်နီနီမိုးက အသင်း၏ လက်ရှိဆောင်ရွက်နေ့မှုအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်တစ်ပြည်လျင်(၁၅၀၀)ကျပ်ဖြင့်(၂၁.၈.၂၀၂၂)ရက်နေ့မှ (၃.၁၁.၂၀၂၂)ရက်နေ့အထိရောင်းချခဲ့ကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်အနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား ထိရောက်စွာ ပံ့ပိုးကူညီဆောင်ရွက်ပြီး တောင်သူများ၏ အကျိုးစီးပွားတိုးတက်၍ ဆန်စပါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ဆန်စပါးအရောင်းအဝယ်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဆန်စက်လုပ်ငန်းရှင်များ တွေ့ကြုံနေ့ရသည့်အခက်အခဲစိန်ခေါ်မှုများကိုတင်ပြ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)