ဓနုဖြူမြို့နယ် သီရိရတနာဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံသည် (၁၃.၁၂.၂၀၂၂) နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရေတွင်းကုန်းကျေးရွာရှိ သီရိရတနာဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

            ထိုသို့စစ်ဆေးရာတွင် သီရိရတနာဆန်စက် ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်တွင် စပါး/ဆန် ရောင်းဝယ် ကြိတ်ခွဲမှုအခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့မှုအခြေအနေ၊ ဆန်စပါး ဈေးကွက်အခြေအနေများ၊ ကောက်စောစပါး ရိတ်သိမ်းထားရှိမှုအခြေအနေများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဆန်စပါး ဖွံ့ဖြိုး တိုးတက်စေမှု အလားအလာကောင်းများ၊ ဆန်အရည်အသွေးမြင့် ကုန်စည်ထွက်ရှိစေရေးနှင့် လုပ်ငန်းရှင်တို့၏ ကုန်စည်အပေါ်အာမခံချက်ပေးနိုင်ခြင်း စားသုံးသူအား ထင်ရှားစွာဖော်ပြရမည့် အချက်အလက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များ၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)