
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးသန်းစိုးဦးဆောင်၍ စစ်ဆေးရေးအရာရှိများ က ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၃) ရက်၊ နံနက် ( ၀၉:၀၀ )နာရီ အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စော်ဘွားနွယ် ဒိန်ချဉ်အမှတ်တံဆိပ်ပါ ထုတ်ကုန်များအား ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ခရိုင်ဦးစီးမှူးဦးသန်းစိုးက စော်ဘွားနွယ်ဒိန်ချဉ်အမှတ်တံဆိပ်ပါ ထုတ်လုပ်ဖြန့် ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါရှိစေရေး၊ စားသုံးသူ ပြည်သူများ ကုန်အညွှန်းအမှတ် အသားပြည့်စုံသော ကုန်စည်များကို စိတ်ချစွာဝယ်ယူစားသုံးကြစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်ပြီး သန့်ရှင်း စင်ကြယ်စွာထုတ်လုပ်ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြရန် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် လိုအပ်သည့် ထုတ်ကုန်များအား ပညာပေးကာလ (၁)လသတ်မှတ်၍ ပြင်ဆင်စေပြီး ပြန်လည်စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
