
မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံခရိုင်၊မတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်း အဝေးခန်းမတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ဇွန်လ(၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ ဦးဝင်းခိုင်(မြို့နယ်မန်နေဂျာ)၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊မတ္တရာမြို့နယ်ချေးငွေအကြံပေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊မြန်မာ့အာမခံလုပ်ငန်းမှတာဝန်ရှိသူများ၊စိုက်ပျိုးစရိတ်ချေးငွေရယူသည့်ကျေးရွာ(၅)အုပ်စု၊ တောင်သူ(၉၄)ဦးတက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ဦးဝင်းခိုင်(မြို့နယ်မန်နေဂျာ) မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်က ရက်(၁၀၀)စီမံချက်ဖြင့် မတ္တရာမြို့နယ်အတွင်းရှိ နယ်မြေအေးချမ်းသော ဒေသများ၊အခြားချေးငွေကြွေးကျန်မရှိသည့်တောင်သူများအား ၂၀၂၆ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်းဖြစ်ကြောင်း၊စပါး(၁)ဧကလျှင်(၃၀၀၀၀၀/-)ကျပ်နှုန်းဖြင့်လည်း ကောင်း၊ အခြား သီးနှံ(၁)ဧကလျှင်(၂၅၀၀၀၀/-)ကျပ်နှုန်းဖြင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေပြန်ဆပ်ရန် ကာလမှ ၂၀၂၇ခုနှစ်၊ဖေဖော်ဝါရီလနောက်ဆုံးထား၍ပေးဆပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပါသည်။ထို့နောက် မန္တလေးတိုင်းဒေသကြီး ၊ မြန်မာ့အာမခံဌာနမှတာဝန်ရှိသူများက စိုက်ပျိုးစရိတ်ချေးငွေ အာမခံထားခြင်းနှင့်ပတ်သက်၍ ရရှိနိုင်မည့်အကျိုးခံစားခွင့်များအားလည်း ကောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ချေးငွေအကြံပေးအဖွဲ့ဝင်ဦးမောင်မောင်လွင်(မြို့နယ်ရဲတပ်ဖွဲ့မှူး) မှနိုင်ငံတော်မှထုတ်ချေးပေးသော သီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား သီးနှံစိုက်ပျိုးရာတွင် အမှန် တကယ်အကျိုးရှိစွာအသုံးချကြရန်နှင့် ချေးငွေပြန်ဆပ်ချိန်ကာလတွင်လည်း တာဝန်ကျေစွာပြန် လည်ပေးဆပ်ကြရန်ရှင်းလင်းပြောကြားခဲ့ပါသည်။ဦးကျော်ကျော်လွင်(ဒုတိယမန်နေဂျာ)မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လိုအပ်သည်များအားဖြည့်စွက်ဆွေးနွေးခဲ့ပြီး တောင်သူတစ်ဦးချင်း ချေးငွေများအားမြို့နယ်ချေးငွေအကြံပေးအဖွဲ့မှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
