
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ် သောကြောင့် အခြားတိုင်းဒေသကြီးများ နှင့် မြို့နယ်များမှ ဆန်တင်သွင်းရသော မြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှ လည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ဝင်ရောက်လျက်ရှိပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် အများစားသုံးသောဆန်မှာ ဧရာပဒေသာ၊ မနောသုခ၊ ဖန်သီးသုခ၊ ရက်(၉၀)ဆန်များဖြစ်ပြီး မြောင်းမြဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ မနောသုခ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ရက်(၉၀)ဆန် တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ ဇီယာ တစ်အိတ်လျှင် ကျပ်( ၆၈၀၀၀)၊ ဖန်သီးသုခ တစ်အိတ်လျှင် ကျပ်(၁၀၇၀၀၀)၊ သီးထပ်တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀)၊ ဧရာမင်းဆန် တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀) ၊ ဝန်ကြီးပဒေသာ ဆန်တစ်အိတ် လျှင် ကျပ်(၁၆၅၀၀၀) ဈေးနှုန်းဖြင့် အသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ပေါ်ဆန်းမွှေးဆန်များမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသနှင့် ရွှေဘိုဒေသမှဝင်ရောက်ပါသည်။ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင်ကျပ်(၁၇၀၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း၊ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမို အရည်အသွေးကောင်းသောကြောင့် တစ်အိတ် လျှင် ကျပ်(၂၂၀၀၀၀)ဖြင့် ရောင်းချရကြောင်း၊ လက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်းမှာ လမ်းပန်း ဆက်သွယ် ရေးနှင့် နယ်မြေအခက်အခဲကြောင့် အဆင့်ဆင့်သယ်ယူရ၍ ကုန်ကျစရိတ်ကြီးမြှင့်ပြီး ဆန်လက်ကျန် များနည်းပါးနေကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်းဆန် ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)
