
ညောင်တုန်းမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် တည်ရှိပြီး မြို့နယ်အတွင်း၌ ၁၅ တန်နှင့်အထက် ဆန်စက်ပေါင်း (၄၈) လုံးခန့်ရှိကာ စပါးကြိတ်ခွဲမှုများပြုလုပ်၍ ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား စီးထွက်လျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် ၂၀၂၆ ခုနှစ် ဇွန်လ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၂၀၁၁၅ အိတ်၊ တန်အားဖြင့် ၁၀၀၆ တန်နှင့် ကားအစီးရေ ၅၁ စီး၊ ဆန်ကွဲအနေဖြင့် ၈၀၁၈ အိတ်၊ တန်အားဖြင့် ၄၀၀ တန် ကားအစီးရေ ၁၈ စီး ကုန်ပို့လွှာဖြင့် တင်ပို့ကြောင်း၊ ဆန်ပြည်ပတင်ပို့မှုအနေဖြင့် ၂၉၇၉၅ အိတ်နှင့် ကားအစီးရေ ၂၇ စီးတင်ပို့ကြောင်း၊ ဆန်ကွဲ ၅၆၀၀ အိတ်၊ ကားအစီးရေ ၁၀ စီး တင်ပို့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။ ယခင်လတင်ပိုမှုနှင့် နှိုင်းယှဉ်ပါက ဆန် ၁၂၉၉၈၆ အိတ် လျော့နည်းတင်ပို့ကြောင်း၊ ဆန်ကွဲ ၁၀၉၂၅၉ အိတ် လျော့နည်းတင်ပို့ကြောင်း သိရသည်။
ဆန်များကို ရန်ကုန် သီလဝါ ဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း၊ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့ တို့သို့လည်းကောင်း ဆန်ကွဲများကို စက်မှုဇုန်လုပ်ငန်းများသို့လည်းကောင်း နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
