
ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး ဇူလိုင်လ(၂)ရက်နေ့တွင် တံတားဦးမြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှင့် မြို့မ ၊ အခြေခံပညာအလယ်တန်းကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည် ။ ထိုသို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအားအစားအသောက်များရောင်းချရာတွင် သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ ဆိုးဆေးများပါရှိသော အစားအသောက်များအား ရောင်းချခြင်းမပြုရန် ၊ အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန် ၊ အစားအသောက်များ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည့် အစားအသောက်များကိုရွေးချယ် ရောင်းချကြရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်း ရှင်များလိုက်နာရမည့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီး ဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)
