ကြည်ကြည် ငရုတ်သီးကြော်လုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ   

Powered by Drupal

             မြင်းခြံမြို့၊ အမှတ်(၂၀)ရပ်ကွက်ရှိ ‘‘ကြည်ကြည်’’ ငရုတ်သီးကြော်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သည့် လုပ်ငန်းရှင် ဒေါ်တာမ မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများ၊ လုပ်ငန်းသုံးစားအုန်းဆီလျှောက်ထားနိုင်မှုအခြေအနေများနှင့် ပတ်သက်၍ .၇.၂၀၂၆ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ လာရောက် တွေ့ဆုံရာ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း (ဦးစီးမှူး)က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်း ချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ် သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များနှင့် လုပ်ငန်းသုံး စားအုန်းဆီလျှောက်ထားမှုနှင့်စပ်လျဉ်း၍  လုပ်ငန်းပမာဏနှင့်အမှန်ကုန်ကျ မည့်ဆီပမာဏများအား လုပ်ငန်းခွင်သို့ကွင်းဆင်းစိစစ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCa(မန္တလေး)