
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲများ စိုက်ပျိုးပြီး ပြည်တွင်းသုံးစွဲ၍ပိုလျှံသည့် ကုန်ပစ္စည်းများအားပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေများစွာ ရရှိပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမှုအများဆုံးမှာစပါးဖြစ်ပြီး ပြည်တွင်း စားသုံးရန်သာမက ပြည်ပသို့လည်းတင်ပို့ကြသဖြင့် တောင်သူလယ်သမားများ ဝင်ငွေတိုးလျှက်ရှိ ကြပါသည်။
မြန်မာလူမျိုးတို့သည် ဆန်ကိုအဓိကအစားအစာအဖြစ်စားသုံးကြပြီး နေ့စဉ်လိုအပ်ချက် ဖြစ်သည့်အတွက် ဆန်ဈေးကြီးမြင့်လျှင်ပြည်သူများ အခက်တွေ့နိုင်သည့်အတွက် ဆန်စက်များ၊ သိုလှောင်ရုံကြီးများ၊ ဆန်ပွဲရုံများမှ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် အလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးလျှက်ရှိပါသည်။ (၉.၇.၂၀၂၆) ရက်နေ့တွင် တောင်ငူမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တောင်ငူမြို့နယ်အတွင်းရှိ ရွှေအိုးဆန်စက်၊ ကောင်းပြည့်ဆန်စက်နှင့် လမင်းဆန်ပွဲရုံ၊ ချမ်းသာဆန်ပွဲရုံ၊ ရွှေယုဇနဆန်ပွဲရုံနှင့် စားလို့ကောင်းဆန်ပွဲရုံ များသို့သွားရောက်၍ ဆန်ဈေးနှုန်း၊ စပါးဈေးနှုန်း၊ ဆန်လတ်နှင့် ဆန်ကွဲဈေးနှုန်းများ မေးမြန်းပြုစုပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချရန်အလို့ငှာ သိုလှောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)
