
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မုံရွာမြို့ပေါ်ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များနှင့် ကိုက်ညီမှုမရှိသည့် MSME ထုတ်ကုန်များဖြစ်သော အရန်သင့်အစားအစာအမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသားများပြည့်စုံမှုရှိစေရေး အသိပညာပေးကာလ (၁)လ ပြည့် မြောက်ပြီးဖြစ်၍ ထပ်မံမြေပြင် ကွင်း ဆင်းစစ်ဆေးကြပ်မတ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရာတွင် နန္ဒဝန်ရပ်ကွက်ရှိ လွင်၊ ရသာမွန်နှင့် ရွှေလပ်ကီး အမှတ်တံဆိပ် မုန့်မျိုးစုံလုပ်ငန်းများ ၊ သလ္လာရပ်ကွက်ရှိ ဒို့မုံရွာအမှတ်တံဆိပ် မုန့်မျိုးစုံ လုပ်ငန်း၊ စက်မှုဇုန် ရပ်ကွက်ရှိ စိန်မြင်း အမှတ်တံဆိပ် ပဲကြော်လုပ်ငန်း၊ သင်းပျံ့ပျံ့ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်း၊ ထန်းတောရပ်ကွက်ရှိ ဝိုင်းအုံ အမှတ်တံဆိပ် လက်ဖက်နှင့် ပဲကြော်လုပ်ငန်းတို့အား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိခဲ့ပါသည်။
DOCA(စစ်ကိုင်း)
