ကန့်ဘလူမြို့ ပဲဈေးကွက်တွင် ပဲဇီးကွက်၊ ပဲလွန်းဖြူသီးနှံ ဈေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း ပဲဇီးကွက်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် ၈၇၀၀၀ ကျပ်၊ အကွဲ အနာပါလျှင် ၈၆၅၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်း များနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း မန္တလေးဈေးကွက်တွင်  အရောင်းအဝယ်အေးနေ သောကြောင့် ပဲဇီးကွက်တစ်တင်းလျှင် ၇၀၀၀ ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ အလားတူပင် ပဲလွန်းဖြူတစ်တင်းလျှင် ၉၂၀၀၀ ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် ၉၁၅၀၀ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ် ၏ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း ဒေသတွင်းစားသုံးမှုရှိသော်လည် အခြားတိုင်း ဒေသကြီးများသို့တင်ပို့ရန် သယ်ယူပို့ဆောင်ရေး အခက်အခဲရှိသောကြောင့် အရောင်းအဝယ်အေး၍ တစ်တင်းလျှင် ကျပ် ၃၀၀၀ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရပြီး  ပဲဇီးကွက်၊ ပဲလွန်းဖြူသီးနှံကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိပြီး ဒေသတွင်းဈေးကွက်အနေဖြင့် မန္တလေးကုန်စည်ဒိုင်နှင့် ပွဲရုံများ၏ ဈေးနှုန်းအတက်/အကျပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိကြောင်း သီးနှံရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)