ကန့်ဘလူမြို့နယ်၌  အစေ့ထုတ်ပြောင်း စိုက်ပျိုးထွက်ရှိမှု အခြေအနေအား မြေပြင်ကွင်းဆင်း ဆောင်ရွက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းကို ပိုမိုတိုးချဲ့စိုက်ပျိုးလာ ကြောင်း၊ အစေ့ထုတ်ပြောင်း (CP)သည် တိရစ္ဆာန်အစာစပ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် အတွက် စျေးကွက်လိုအပ်ချက် အမြဲရှိနေခြင်း၊ အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက ပြုစုရလွယ်ကူပြီး အထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများ နှစ်စဉ်စိုက်ပျိုးလျက်ရှိ ကြောင်းသိရသည်။

      ဇူလိုင်လ ၁၉ ရက်က စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးမျိုးဝင်းသန်းသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကန့်ဘလူမြို့နယ် ဆိပ်ဖူးမြောင်ကျေးရွာရှိ အစေ့ထုတ်ပြောင်း စိုက်ခင်းများအား မြေပြင်ကွင်းဆင်းကာ စိုက်ပျိုးမှု၊ ထွက်ရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် တောင်သူများသည် အထွက်နှုန်းကောင်းမွန်ပြီး ရောဂါဒဏ် ခံနိုင်ရည်ရှိသော ပြောင်းမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးထားကြပြီး၊ စိုက်ပျိုးရေးဌာနမှလည်း လိုအပ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးမွှားကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

      ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP)များကို များသောအားဖြင့် မိုးဦးကျကာလ  မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရိတ်သိမ်း ရမည်ဖြစ်ကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြောင်းစိုက်ခင်းများ သဘာဝမိုးရေဖြင့် စတင်အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ရာ၊ ရာသီဥတု ဆက်လက်ကောင်းမွန်ပါက ယခုနှစ်တွင် ပိုမိုတွက်ချေကိုက်ပြီး အကျိုးအမြတ်ရရှိနိုင်ကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)