ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ပြည်သူများ ကုန်စည်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ‌ရန်၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရန်၊ လုံခြုံစိတ်ချရမှု မရှိသော ကုန်စည်များ ‌ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် စသည့်ရည်ရွယ်ချင်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ ခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “မြသိန်းတန်မြေပဲဆီသန့်စက်လုပ်ငန်းသို့  ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျွန်းလှမြို့မရဲစခန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့ ပူးပေါင်းအဖွဲ့ဖြင့်  သွားရောက်ကွင်းဆင်း၍  ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် “မြသိန်းတန်မြေပဲဆီသန့်စက်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစား၊ အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင် ကိုက်ညီမှု ရှိ/မရှိ အခြေအနေတို့ကို စစ်ဆေးရာတွင် မိမိတို့ စားသုံးသူ‌‌ရေးရာဦးစီးဌာနအတွင် ကုန်အညွှန်း အမှတ် အသား လျှောက်ထားသည့် မြေပဲဆီသန့် (၅၀)ကျပ်သား၊ (၁)ပိဿာ၊ (၅)ပိဿာ ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန် အညွှန်းအမှတ်အသား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ အသေးစိတ် စိစစ်ချက်များ အတိုင်း မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စိစစ်တွေ့ရှိခဲ့ရပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ ဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူအခွင့်အရေး (၈)ချက်တို့ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)