စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၆)သင်တန်းဖွင့် တက်ရောက်ခြင်း

Powered by Drupal

    ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ Virtual စနစ်ဖြင့် ဖွင့်လှစ်သည့် စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅၂)တွင် (၂၁.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရုံးချုပ်ရှိ ဌာနခွဲတာဝန်ခံများက ဘာသာရပ်အလိုက် အသေးစိတ် ရှင်းလင်း သင်ကြားပို့ချခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးမှ   ဝန်ထမ်း(၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)