မုံရွာမြို့၊  စီးပွားရေးတက္ကသိုလ်တွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး‌ ဟောပြောပွဲဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် (၂၃.၇.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၄း၀၀)နာရီအချိန်တွင် မုံရွာစီးပွားရေးတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/‌ကျောင်းသူ  စုစုပေါင်း(၂၃၀) ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဦးက  စားသုံးသူရေးရာဦးစီးဌာနသမိုင်းအကြောင်းနှင့် စားသုံးသူ အခွင့်အရေးများ၊  စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖော်ပြချက်များအကြောင်း၊ စားသုံးသူ နစ်နာမှုများရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့်   တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက် ပြီးစီးမှုများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ စားသုံးသူကာကွယ်ရေး ကော်မရှင်/ကော်မတီဖွဲ့စည်းခြင်းဆိုင်ရာများအကြောင်း၊ Online Sale နှင့်ပတ်သက်၍  မှတ်ပုံတင်ခြင်း ဆိုင်ရာများ စားသုံးသူတို့လိုက်နာရမည့်တာဝန်များနှင့်  လုပ်ငန်း ဆောင်ရွက်မှု  အခြေအနေများ အကြောင်း၊ Consumer  Call Center (1535)လိုင်းခွဲနံပါတ်ကို ဖုန်း‌ခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမ များ၊ သင်တန်းသားသင်တန်းသူများက သိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး အခမ်းအနားကို ညနေ(၁၅း၀၀) နာရီ အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)