
ကရင်တိုင်းရင်းသားများသည် တောင်ပေါ်မြေပြန့်နေရာဒေသ အသီးသီးတို့တွင် နေထိုင်ကြသည်။ ကရင်လူမျိုးအများစုသည် မိမိတို့၏မိရိုဖလာဖြစ်သည့် ကရင်ရိုးယာ ဂျပ်ခုတ်ထည် လက်ရက်လုပ်ခြင်း လုပ်ငန်းနှင့် စက်ကန်းထည် ရက်လုပ်ရောင်းချခြင်း လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အဓိကအား ဖြင့် စကောကရင်နှင့်ပိုးကရင်အမျိုးသမီးများက မိသားစုတစ်ပိုင်တစ်နိုင်အပြင် စီးပွားဖြစ်ပါ ဦးဆောင် ရက်လုပ်ကြသည်။ စကောကရင် ရိုးယာအထည်များဖြစ်သည့် အမျိုးသားဝတ်နီနီကျား (အနီရောင် ကျား) ခေါင်းစွပ်အကျီ၊ အမျိုးသမီးအပျိုဝတ် သင်တိုင်း(အဖြူရောင်)နှင့် အမျိုးသမီး အိမ်ထောင်သည် ဝတ်ဝတ်စုံ၊ ပိုးကရင်အမျိုးသားဝတ် ဒူးဖုန်းအကျီနှင့်ရောင်စုံခေါင်းစွပ်အကျီများ၊ ပိုးကရင်အမျိုးသမီး ဝတ် လက်ကွပ်/ပုဆိုးနှင့်ဝတ်စုံများဆိုပြီး ရှိကြသည်။ ရိုးယာအထည်ပစ္စည်းများ၏ ဈေးနှုန်းများသည် ဂျပ်ခုတ်(လက်ရက်)နှင့် စက်ကန်းထည်တို့နှထွက်လာသည့် ပေါ် မူတည်၍ အမျိုးအစားအလိုက် အထည်အသား၊ လက်ရာပေါ် မူတည်၍ ကွာဟသွားသည်။ ဂျပ်ခုတ်(လက်ရက်ထည်) အမျိုးသားဝတ် ခေါင်းစွပ်အကျီ တစ်ထည်လျှင် (၃၅၀၀၀၊၇၅၀၀၀)ကျပ်၊ အမျိုးသမီးအပျိုဝတ် သင်တိုင်း(အဖြူရောင်) တစ်ထည်လျှင်(၄၀၀၀၀၊၈၀၀၀၀)ကျပ်၊ အမျိုးသမီးဝတ်(အကျီ+ထဘီ)ဝတ်စုံ တစ်စုံလျှင်(၇၀၀၀၀၊ ၁၅၀၀၀၀)ကျပ်၊ ကရင်ရိုးယာလွယ်အိတ် တစ်လုံးလျှင် (၁၅၀၀၀၊၃၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချကြပြီး ဂျပ်ခုတ်လက်ရက်ထည်များသည် ရက်လုပ်ရသည့် အချိန်နှင့်လက်ရာစိစစ်မှု ပိုမိုမြင့်မားသည့်အတွက် ဈေးနှုန်းပိုမြင့်ပြီး ရိုးယာပွဲတော်များ (ဥပမာ-ကရင်နှစ်သစ်ကူး၊ စာပေနှင့်ယဉ်ကျေးမှုပွဲ) တို့ ရောက်ချိန် တွင်ဝယ်လိုအား ပိုမိုမြင့်ကာအရောင်းသွက်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)
