မကွေးမြို့၊ ရွာသစ်ရပ်ကွက်မှ ထုတ်လုပ်သော “လှယဉ်ကျေးမယ်” အမှတ်တံဆိပ် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး အသိပညာပေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁၃.၁၂.၂၀၂၂) ရက်နေ့ (၁၁း၁၅)နာရီတွင် မကွေးမြို့၊ ရွာသစ်ရပ်ကွက် (၁၆)လမ်းမှ ထုတ်လုပ်သော “လှယဉ်ကျေးမယ်” အမှတ်တံဆိပ် (သံပုရာစပ်/ သရက်စပ်/ ဆီးစပ်/ ရှောက်ချိုမျှင်)လုပ်ငန်းရှင် ဦးသန်းကျော်စိန် (ခ)ဦးသန်းထွန်းအား ခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          လုပ်ငန်းရှင်၏ ပြောကြားချက်အရ“လှယဉ်ကျေးမယ်” အမှတ်တံဆိပ် သံပုရာစပ် တစ်ဘူးလျှင် (၁၀)ကျပ်သား၊ သရက်စပ် တစ်ဘူး လျှင်(၁၅)ကျပ်သား၊ ဆီးစပ် တစ်ဘူးလျှင် (၁၅)ကျပ်သားနှင့် ရှောက်ချိုမျှင် တစ်ဘူးလျှင် (၁၀) ကျပ်သား ဖြင့် ထုတ်ပိုးပြီး မကွေးမြို့ပေါ်နှင့် နီးစပ်ရာမြို့များဖြစ်သည့် တောင်တွင်း၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်နှင့် စလင်းမြို့များသို့ ဖြန့်ချီရောင်းချကြောင်း လေ့လာသိရှိရပါသည်။

      ခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)က လုပ်ငန်းရှင် ဦးသန်းကျော်စိန် (ခ) ဦးသန်းထွန်းအား စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)