ပေါက်မြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများ၏ စိုက်ပျိုးစရိတ်နှင့် အသားတင်အကျိုးအမြတ်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကိုအခြေပြု လုပ်ကိုင်လျက်ရှိပါသည်။ စပါးသီးနှံသည် အဓိကစိုက်ပျိုးသီးနှံဖြစ်ရုံသာမက မိမိဒေသတွင် ဝမ်းစာဖူလုံရေးအတွက်  အရေးပါသည့် သီးနှံတစ်မျိုးအဖြစ် ရပ်တည်နေပါသည်။ ပေါက်မြို့နယ်၏ စပါးစိုက်ဧကမှာ (၁၂၃၅၄) ဧကရှိသည်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

          အဓိက စိုက်ပျိုးသည့် စပါးမျိုးများမှာ ဧရာမင်း၊ ဧရာပဒေသာ အမျိုးအစားများဖြစ်ပြီး ဆင်းသုခ စပါးမျိုးများကိုလည်း အနည်းငယ် စိုက်ပျိုးကြသည်။ ဆင်းသုခသည် တစ်ဧကလျှင် တင်း(၁၀၀-၁၂၀)ထိ ထွက်ရှိသော်လည်း သွင်းအားစု အပြည့်အဝပေးသွင်းနိုင်မှသာ ထွက်ရှိကြောင်း သိရပါသည်။ ဧရာမင်း၊ ဧရာပဒေသာ စပါးမျိုးများသည် တစ်ဧကလျှင် တင်း(၇၀)ဝန်းကျင်အထိ ထွက်ရှိသော်လည်း ဓာတ်မြေဩဇာ အနည်းငယ်ကျွေးရုံဖြင့် ဖြစ်ထွန်းပါသည်။ စိုက်ပျိုးရေးကာလမှာ ဇွန်လကုန် ဇူလိုင်လဆန်းပိုင်းတွင် စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် မိုးရွာသွန်းမှုရှိသဖြင့် ဇူလိုင်လကုန် ဩဂုတ်လဆန်းပိုင်းတွင် စိုက်ပျိုးရမည့် အခြေအနေဖြစ်ပါသည်။

          မိုးစပါးစိုက်ပျိုးရန်လိုအပ်သည့် မျိုးစပါး၊ လယ်ယာမြေပြင်ဆင်ခ၊ ထွန်ယက်ခ၊ လက်လုပ်အားခ၊ ဓါတ်မြေဩဇာ၊ ရေသွင်း၊ ရေထုတ်စရိတ်တို့ကို တွက်ချက်ကြည့်ပါက စုစုပေါင်းကုန်ကျစရိတ် ()ဧကလျှင် ကျပ်(၁၅) သိန်း ဝန်းကျင်အထိကုန်ကျကြောင်း၊ အထွက်နှုန်းနှင့်တွက်ချက်ပါက အသားတင်အကျိုးအမြတ်မှာ  ကျပ်သိန်း(၂၀) ဝန်းကျင်အထိ ကျန်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)