နှစ်ရှည်သီးနှံကော်ဖီစိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

            မန္တလေးတိုင်းဒေသကြီးအတွင်း ကော်ဖီသီးနှံကို ပြင်ဦးလွင်နှင့်မိုးကုတ်မြို့နယ်များတွင် အဓိက စိုက်ပျိုးပြီး သာစည်မြို့နယ်လှိုင်းတက်တွင်လည်း စိုက်ပျိုးပါသည်။ ကော်ဖီသီးနှံကို စိုက်ပျိုးရန် ပျိုးထောင်ကာလ မေ၊ဇွန်၊ဇူလှိုင်လများတွင် ပျိုးထောင်စိုက်ပျိုးပြီး ကော်ဖီသီး ခူးစွတ်ချိန်အနေနှင့် နို၀င်ဘာ၊ဒီဇင်ဘာ၊ဇန္န၀ါရီလများတွင် ခူးစွတ်ကြပါသည်။ ကော်ဖီပင်ကိုမိုးရာသီတွင် စိုက်ပျိုးလေ့ရှိပြီး နွေရာသီတွင်စိုက်ပျိုးမည်ဆိုပါက ရေသွင်း၍စိုက်ပျိုးကြပါသည်။ မန္တလေးတိုင်းအတွင်းစိုက်ပျိုးသော ကော်ဖီမျိုးများမှာဒေသရေမြေရာသီဥတုနှင့်ကိုက်ညီမှုရှိသော စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီသုတေသန ခြံများမှ ပျိုးပင်များကိုသာစိုက်ပျိုးကြပါသည်။ ပြင်ဦးလွင်မြို့နယ် တွင် ကန်တော်ကြီးအနီးတ၀ိုက်ရှိ ကျေးရွာများဖြစ်သည့်ညောင်နီ၊ ဆင်ဂေါင်းလေး၊သပြေရေ၊ ကျေးရွာများနှင့် မိုးကုတ်မြို့တွင် လယ်ဦးရပ်၊ ပန်းမားထိပ်၊ ဆင်ခွာဒေသများတွင် စိုက်ပျိုးကြပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် ကော်ဖီကို ပင်ကြားတန်းကြား (၈ပေ_-၄ပေ)တစ်ဧက အပင်ရေ (၁၃၆၀)ပင်စိုက်ပျိုးနိုင်ပြီး မိုးကုတ်မြို့တွင် လှေကားထစ်စ်ုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ကော်ဖီသီးနှံသည်စိုက်ပျိုးပြီး (၃နှစ်မှ၇နှစ်) အတွင်း အသီးခူးဆွတ်နိုင်ပြီး နှစ်စဥ်ဒီဇင်ဘာမှ ဖေဖေါ်၀ါရီလအထိကော်ဖီ သီးချယ်ရီသီးအရောင် ဖြစ်ပေါ်ချိန်တွင် ခူးဆွတ်ကြပါသည်။ပြင်ဦးလွင်မြို့တွင် လတ်ရတနာ၊ ဆွေသဟာ၊ မယ်သီတာ၊ လူငယ်ဂုဏ်ရောင်၊ မြောက်ကျွန်းသူမမ၊ မြန်မာ ၁/၂၊Golden Lionတို့ဖြစ်ပြီး မိုးကုတ်ဒေသတွင် ရတနာနှင်းဆီ၊ယမုံနာ၊အောင်၊ Arrow  Brother  များဖြစ်ပြီး ထွက်ရှိသောကော်ဖီစေ့များကို  Myanmar  Coffee  Association နှင့်ချိတ်ဆက်ပြီး ရောင်း၀ယ်လျှက်ရှိပါသည်။ ကော်ဖီသည် မြန်မာလူမျိုးများ ကြိုက်နှစ်သက်သည့် အရာဖြစ်ပါသည်။ကော်ဖီသောက်သုံးခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည် တက်ကြွလန်းဆန်းခြင်း၊ အာရုံစူးစိုက်မှုကောင်းမွန်ခြင်း၊ သွေးပေါင်ချိန်မြှင့်တက်စေခြင်း၊ သွေးပေါင်ကျ နေသည့်အချိန်တွင် ကော်ဖီသောက်သုံးခြင်းဖြင့် သွေးပေါင်ကိုမြှင့်တင်စေခြင်း၊ ဖျားနာပြီးခါစချိန် ကော်ဖီသောက်သုံးပါက မြန်စွာကျန်းမာလန်းဆန်းစေခြင်း၊ သဘာ၀ကော်ဖီစစ်စစ်ကို သောက်သုံး ခြင်းသည်အသည်းကို ကောင်းကျိုးပေးပြီး အစာချေဖျက်မှုကိုလည်းကောင်းမွန်စေပါသည်။ ကော်ဖီတွင် ပါ၀င်သော ကဖိန်းဓါတ်သည် ခေါင်းကိုက်ခြင်းနှင့်ခေါင်းတခြမ်းကိုက်ခြင်းတို့ကို သက်သာစေခြင်း၊ မှတ်ဥာဏ် အားကောင်းစေခြင်း၊ ကော်ဖီသည်စိတ်ပိုင်းဆိုင်ရာကိုပါ လန်းဆန်းစေခြင်းသာမက မှတ်ဥာဏ် အားကိုပါကောင်းမွန်စေကြောင်းကိုလည်းလေ့လာသိရှိရပါသည်။  စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းအနေနှင့် မန္တလေးတိုင်းဒေသကြီးကော်ဖီအစုအဖွဲ့ကို ၂၀၁၉ ခုနှစ်မတ်လ ၃၁ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး သစ်သီး၀လံအသင်းနှင့် ဌာနတို့ပူးပေါင်း၍ ကော်ဖီအစုအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်မှလည်း ကော်ဖီအားပြည်ပသွင်းကုန် အစားထိုးထုပ်လုပ်နိုင်ရန်နှင့် ပြည်ပပို့ကုန်ပမာဏ တိုးမြင့်နိုင်စေရန်အတွက် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီစိုက်တောင်သူများအား စျေးကွက်အခြေ အနေ အသိပညာပေးဆောင်ရွက်မှုများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည်။ ပြင်ဦးလွင် မြို့နယ်တွင် ကော်ဖီစျေးနုန်းစျေးကွက်အနေနှင့် ယ္ခုနှစ် ရာသီထွက်ကော်ဖီသီးအစို ၁ပိဿာ (၇၅၀၀ကျပ်မှ၈၀၀၀ကျပ်)၊ ကော်ဖီစေ့ဟောင်း Great1 (လှော်စေ့) 1Kg(၆၀၀၀၀ကျပ်)ကော် ဖီမှုန့်1Kg(၆၀၀၀၀ကျပ်မှ၆၅၀၀၀ကျပ်)၊ Great2 ကော်ဖီစေ့ (လှော်စေ့)1Kg (၅၀၀၀၀ကျပ်မှ ၅၅၀၀၀ကျပ်)၊ ကော်ဖီမှုန့် 1Kg(၅၅၀၀၀ကျပ်)စျေးနှုးန်းများနှင့် စျေးကွက်တွင် ရောင်း၀ယ်မှုရှိပြီး ကော်ဖီထုတ်လုပ်ရောင်း၀ယ်သူများ အနေနှင့်ပစ္စည်းဟောင်းများ လက်ကျန်နည်းနေပြီး ရောင်း၀ယ်မှု အား ပုံမှန်ရောင်း၀ယ်လျှက်ရှိပြီး ကော်ဖီစေ့နှင့် ကော်ဖီ မှုန့်ထုပ်လုပ်ရောင်းချသူများအနေနှင့် အမြို့မြို့အနယ်နယ်မှမှာယူသူများကိုလည်း အရောက်ပို့ စနစ်များနှင့်ပေးပို့မှုရှိသကဲ့သို့ ပြင်ဦးလွင်မြို့သို့ လာရောက်သည့်ဧည့်သည်များမှ ၀ယ်ယူခြင်းများကြောင့် ရောင်း၀ယ်မှုအားကောင်းကြောင်း လေ့လာ သိရှိရပါသည်။

  DOCA(မန္တလေး)