
(၂၀.၇.၂၀၂၆) ရက်နေ့အထိ မအူပင်ခရိုင်အတွင်း ကွင်းဆင်းစုံစမ်းရရှိသော အချက်အလက်များအရ မအူပင်ခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်ထွက် မတ်ပဲဈေးနှုန်းများနှင့် ဆန်တင်ပို့မှုအခြေအနေမှာ ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အလိုက် မတ်ပဲတစ်တင်းဈေးနှုန်းများမှာ မအူပင်မြို့နယ်တွင် ကျပ် ၁၀၁,၀၀၀၊ ပန်းတနော်မြို့နယ်တွင် ကျပ် ၁၀၁,၅၀၀၊ ညောင်တုန်းမြို့နယ်တွင် ကျပ် ၁၀၁,၈၀၀ နှင့် ဓနုဖြူမြို့နယ်တွင် ကျပ် ၁၀၁,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်များအရ သိရသည်။
ဆန်တင်ပို့မှုအခြေအနေအရ မအူပင်မြို့နယ်တွင် တင်ပို့မှုမရှိသေးဘဲ ပန်းတနော်မြို့နယ်မှ ၄၈၀ အိတ်၊ ညောင်တုန်းမြို့နယ်မှ ၄၉ အိတ် နှင့် ဓနုဖြူမြို့နယ်မှ ၂,၇၆၄ အိတ် တင်ပို့ခဲ့သဖြင့် မအူပင်ခရိုင်အတွင်းမှ စုစုပေါင်း ၃,၂၉၃ အိတ် တင်ပို့ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းလေ့လာမှုများအရ မအူပင်ခရိုင်အတွင်း မတ်ပဲဈေးကွက်မှာ ပုံမှန်အရောင်း အဝယ်ဖြစ်ပေါ်လျက်ရှိပြီး ပြည်တွင်းဝယ်လိုအားနှင့် တင်ပို့မှုအခြေအနေများအပေါ်မူတည်၍ ဈေးနှုန်းများ အနည်းငယ်ကွာခြားမှုရှိသော်လည်း ဈေးကွက်တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
