
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေကို တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများနှင့်စီးပွားရေးလုပ်ငန်းရှင်များသိစေရန်အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။
(၂၁-၇-၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၃၉) ရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းကို မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံး ဒေါ်မေသက်ထွန်း (ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်အလေးချိန်၊သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် Consumer Call Center (၁၅၃၅) လိုင်းခွဲနံပါတ် (၃) သို့ ဆက်သွယ်တိုင်ကြားနိုင်သည့် အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ကြောင်း ကျောင်းသား/ကျောင်းသူ (၂၅၀)တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
