မြင်းခြံမြို့တွင် အသိပညာပေး Talk Show ဆောင်ရွက်     

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အများပြည်သူအား အသိပညာပေး Talk Show အစီ အစဉ်ကိုလစဉ် ဆောင်ရွက်လျက်ရှိရာ(၂၃.၇.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် Online ရောင်းဝယ်ခြင်းအကြောင်း သိကောင်းစရာများအကြောင်း ခေါင်းစဉ်ဖြင့် ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ Talk Show အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးထိန်လင်း(ဦးစီးအရာရှိ)က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ‌‌မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းအောင်(ဒု-ကြီးကြပ်ရေးမှူး)က Online ဖြင့်ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင် မှုကိုဖြစ်စေ Online ကို အသုံးချပြီး အရောင်းအဝယ်ပြုလုပ်ခြင်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ ဆက်လက် ၍ Online  ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူ သုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်သည့်အချက်များကိုလည်းကောင်း၊ အကယ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)