မြင်းခြံမြို့ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင် ၍စစ်ဆေးရေးမှူးများသည် (၂၄.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  မြင်းခြံမြို့ရပ်ကွက် များရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

          မြင်းခြံဈေးကွက်၌ ဆေးဝါးပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနထောက်ခံ ချက်များပါဝင်မှုရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိစေရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ လက်ရှိအချိန်တွင် ဆေးဝါးပြတ်လပ်မှုများ၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမရှိဘဲ သင့်တင့်သောဈေးနှုန်းများဖြင့်သာ ရောင်းချမှုရှိပြီး ဈေးနှုန်းများတည်ငြိမ်နေကြောင်း တွေ့ရှိရပါသည်။ စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဆေးဝါးပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိရသည်။DOCA(မန္တလေး)