
တောင်သာမြို့နယ်သည် အပူပိုင်းခြောက်သွေ့သော ရာသီဥတုရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါဝင်ပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ကြက်သွန်နီ၊ ထန်းလုပ်ငန်းစသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ မိုးငရုတ်(အစို) များကိုလည်း စိုက်ပျိုးထား ကြောင်း၊ မိုးငရုတ်(အစို) ကိုမေလနှင့် ဇွန်လ(နယုန်လ)တို့တွင် စတင်ပျိုးထောင်ပြီး၊ ပျိုးသက် (၃၀- ၄၅) ရက်သားအရွယ်၌ မိုးဥကျ ဇွန်လနှင့် ဇူလိုင်လများတွင်ပျိုးပင်များကို မြေချရွေ့ပြောင်းစိုက် ပျိုးရသည်။ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄) လခန့်ကြာမြင့်ကြောင်းသိရှိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ တောင်သာမြို့နယ်တွင် မိုးငရုတ်စီမံကိန်းဧက ( ၁၅၇) လျာထားခဲ့ပြီး စိုက်ပျိုးပြီးဧက (၈၅) ဧကစိုက်ပျိုးထားကြောင်း၊ လျာထားချက်ပြည့်မှီအောင်ဆက်လက် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ မိုးငရုတ်(အစို) များကို တစ်မိုက်သာရွာ၊ ဖက်တောရွာ၊ ရုံးစည်ကြီးရွာ၊ ဆီမီးကန်ရွာ၊ ရုံးတောရွာ၊ ရသစ်ရွာနှင့် ဝဲလောင်ရွာတို့တွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်း အနေဖြင့် (၄၃၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ငရုတ်သီး စိမ်းလက်ကားတစ်ပိသာလျှင် (၃၅၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် တောင်သာမြို့ရှိ မြို့မဈေး၊ ဘုရားကြီးဈေးနှင့် မင်္ဂလာရွှေတောင် ဈေးများတွင် ဒေသခံတောင်သူများကိုယ်တိုင် ရောင်းချကြောင်း သိရှိရသည်။
DOCA(မန္တလေး)
