“မြစ်သားမြို့နယ်၊သာလွန်ကျေးရွာ၌စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

Powered by Drupal

             ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောဆွေးနွေးပွဲများကျင်းပခြင်း နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၂၇)ရက်နေ့ ၊ နံနက်(၉း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြစ်သားမြို့နယ်၊သာလွန်ကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး) မှ  ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်းနှင့်စားသုံးသူများနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆို တိုင်ကြားနိုင် သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ ဝင်‌ရောက် တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ၊ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသား ၊ စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။   

DOCA(မန္တလေး)