
မြန်မာဆန်စပါးအွန်လိုင်း (My RO)တွင် မှတ်ပုံတင်ထားပြီး မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် လစဉ်လကုန်ပြီး(၁)ရက်နေ့မှ(၁၀) ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို စာရင်းမှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံး အနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များမှလည်း လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက် ကျန်များကို မပျက်မကွက်ရေးသွင်း ဆောင်ရွက်လျက်ရှိပါသည်။
မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုးနိုင်ရေး၊ လစဉ် ရထုတ်ကျန်စာရင်း များ ရေးသွင်းနိုင်ရေး၊ ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင် ထားရှိခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး ဦးဆောင်၍ ဝန်ထမ်းများသည် (၂၄.၇.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံမြို့၊ ရပ်ကွက်များရှိ ဆန်သိုလှောင် ရုံလုပ်ငန်းများ၊ အေးမြသီတာဈေးရှိဆန်ဆိုင်များ သို့ကွင်းဆင်း၍ အသိပညာပေးခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
