တောင်ငူမြို့ပေါ်ရှိ  ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ် ၊ ဇူလိုင်လ (၂၈) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် တောင်ငူမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိ စေရေး၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်း ချမှုရှိ/ မရှိစသည့်တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေး အသုံးပြုမှုလျော့ပါးစေရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီဌာန၏ ထောက်ခံချက် မရှိခြင်း၊အရည်အသွေးနှင့်စံချိန်စံညွှန်း စစ်ဆေးမှု ခံယူထားခြင်းမရှိခြင်းနှင့် အာမခံချက် မရှိသော တရားမဝင် ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ပြီး ဆေးအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)