
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိရာ ၁၀.၇.၂၀၂၆ ရက်နေ့တွင် ခရိုင်ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ညောင်လေးပင်ခရိုင်တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်၊ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး၊ အငယ်တန်းစာရေး ဦးနေမျိုးဝင်းနှင့် နေ့စားဝန်ထမ်း ဦးထက်အောင်ခန့်နှင့် အဖွဲ့စုံတို့သည် ညောင်လေးပင်မြို့၊ အမှတ် (၈)၊ မြို့မ (၃)၊ ဈေးအရှေ့လမ်းရှိ ဦးမင်းလွင် ကုန်စုံဆိုင်တွင် သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ညောင်လေးပင် ခရိုင်တာဝန်ခံ၊ မြို့နယ်တာဝန်ခံ၊ ဝန်ထမ်းများနှင့် အဖွဲ့စုံတို့သည် ညောင်လေးပင်မြို့၊ အမှတ် (၈)၊ မြို့မ (၃)၊ ဈေးအရှေ့လမ်းရှိ ဦးမင်းလွင် ကုန်စုံဆိုင်တွင် စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုလုပ်ကြရန်၊ သတ်မှတ်ထားသော သတ်မှတ် ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် ရောင်းချရာတွင်လည်း မှန် (၆) မှန်ဖြင့် ရောင်းချရန်၊ ဆီစာအုပ်များအတိုင်း အကြိမ်ရေ မှန်ကန်စွာ ရောင်းချရန် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်လေးပင်မြို့၊ အမှတ် (၈)၊ မြို့မ (၃)၊ ဈေးအရှေ့လမ်းရှိ ဦးမင်းလွင် ကုန်စုံဆိုင်တွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ပဲခူး)
