ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေး၊ အရည်အသွေးမီဆေးဝါးများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းမြှင့်တင်‌ရောင်းချမှုမရှိစေရေးအတွက် စားသုံးသူ‌ရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၆-၈-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အရည်အသွေးမီဆေးဝါးများသာရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ တရားမဝင်တင်သွင်းလာသည့်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ လူသုံးများသည့် ဆေးဝါးများဖြစ်သည့် ပိုးသတ်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ ဆီးချို၊ သွေးကျဲဆေး၊ အာရုံ ကြောဆေးများအား ထိုက်သင့်သောဈေးနှုန်းဖြင့်သာရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပြီး ဈေးကွက်အတွင်းဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် ဆေးကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူ ရရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)