မအူပင် ဆန်/စပါးဈေးကွက်တွင် အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံများမှ လုံးတီးဆန်များ ဝယ်လိုအား ရရှိ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ ပြည့်ဖြိုးကြွယ်ဆန်စက်၊ စိုးမိသားစု၊ 912 ဆန်စက်နှင့် ကျော်ပဒေသာ ဆန်စက်များမှ စက်ပိုင်များသည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့် ဆင်းသုခစပါးတင်း(၁၀၀)လျှင် စက်အရောက်ဈေး (၁၂၃၀၀၀၀/-)ကျပ်၊ ကရင်မစပါး(၁၀၀)လျှင် (၁၂၂၀၀၀၀/-) ကျပ်၊ နှံကားစပါးတင်း(၁၀၀)လျှင် (၁၁၁၀၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း စက်ပိုင်များ၏ပြောပြချက်အရ သိရှိရပါသည်။

        ဆန်ဈေးအနေဖြင့်၊ ဆင်းသုခ ဆန်တစ်အိတ်လျှင် (၄၃၀၀၀/-)ကျပ် ရှိနေပြီး၊ မအူပင်ဈေးကွက်တွင် အရောင်းအဝယ်ပုံမှန်သာရှိနေကြောင်း သိရှိရပါသည်။

        ယခုအပတ်တွင် ရန်ကုန်ဘုရင်နောင်ပွဲရုံမှ ဧည်မထလုံးတီးဆန်များ တစ်အိတ်လျှင် (၃၈၀၀၀/-)ကျပ် ဖြင့်ဝယ်လိုအားရရှိနေကြောင်း စက်ပိုင်ဦးဝင်းဇော်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

        လုံးတီးဆန်များ ကြိတ်ခွဲရောင်းချမှုမှာ အောက်တန်းကိုက်ပြီး ဆန်စက်အထွက် တွက်ခြေကိုက်သဖြင့် ရန်ကုန်ဘုရင့်နောင် ဝယ်လိုအားကို ရသလောက် ကြိတ်ခွဲရောင်းချပေးနေကြောင်း စက်ပိုင်များထံမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)