
အိန္ဒိယနိုင်ငံ၌ နောင်လာမည့်လများတွင် ကျရောက်မည့် ပွဲတော်ရာသီကာလများ၌ ပြည်တွင်း သုံးစွဲမှုမြင့်မားလာနိုင်မည်ဖြစ်၍ စားဆီများပြန်လည်ဖြည့်တင်းရန်အတွက် ဆီသန့်စင်သည့် လုပ်ငန်းများက စားအုန်းဆီနှင့် ပဲပုပ်ဆီများကို ပိုမိုဝယ်ယူခြင်းတို့ကြောင့် စားသုံးဆီတင်သွင်းမှု သည် ဇူလိုင်လ၌ ၁၀လတာကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ကုန်သည် ၅ ဦးအား ပြောကြား ထားသည်။
ဟင်းသီးဟင်းရွက်ဆီကမ္ဘာ့တင်သွင်းမှုအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံက စားအုန်းဆီနှင့် ပဲပုပ်ဆီ ပိုမိုဝယ်ယူခြင်းသည် ထိပ်သီးထုတ်လုပ်သူများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် အာဂျင်တီးနားနိုင်ငံများကို ကုန်ပစ္စည်းလက်ကျန် (Stock) လျှော့ချရာတွင် ကူညီပေးနိုင်ခဲ့ပြီး စားအုန်းဆီနှင့်ပဲပုပ်ဆီတို့၏ အနာဂတ်ရည်ညွှန်းဈေးနှုန်းတို့ကို အထောက်အပံ့ပေးနိုင်မည်။
စားအုန်းဆီတင်သွင်းမှုသည် ဇူလိုင်လတွင် ယခင်လကထက် ၅၀ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန်အားဖြင့် ၇၃၃,၀၀၀တန် ရှိခဲ့သဖြင့် ၅ လ တာကာလအတွင်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း ကုန်သည်များ၏ ခန့်မှန်းပြောကြားချက်တွင် ဖော်ပြထားခဲ့သည်။ နေကြာဆီ တင်သွင်းမှုမှာ ၄ ရာခိုင်နှုန်းထိ တဖြည်းဖြည်း မြင့်တက်ပြီး တန်ချိန် ၂၅၃,၀၀၀ တန် ရှိချိန်တွင် ပဲပုပ်ဆီတင်သွင်းမှု သည် ဇူလိုင်လတွင် ၃၂ ရာခိုင်နှုန်း၊ တန်ချိန်အားဖြင့် ၅၀၁,၀၀၀တန် လစဉ်တိုးတက်ခဲ့သောကြောင့် ၇ လတာကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။
အဓိက စားသုံးဆီ ၃ မျိုး၏ တင်သွင်းမှုမြင့်မားခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ စားသုံးဆီ တင်သွင်း မှုသည် ဇူလိုင်လတွင် ၁၀ လ ကြာကာလအတွင်း ၃၄ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ပေါင်း ၁.၄၉ သန်းထိ ရောက်ရှိခဲ့သည်။ အဆိုပါအချက်အလက်များတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် နီပေါနိုင်ငံမှ ကုန်းလမ်းဖြင့် သယ်ယူရောက်ရှိလာသည့် အခွန်ကင်းလွတ်ခွင့်ရ စားသုံးဆီပို့ကုန်များ မပါဝင်သေးကြောင်း ကုန်သည်များက ပြောကြားထားသည်။
အိန္ဒိယ စားသုံးဆီထုတ်လုပ်သူများအသင်း (Solvent Extractors’ Association of India - SEA) သည် ဇူလိုင်လအတွက် တရားဝင်တင်သွင်းမှု အချက်အလက်များကို ဩဂုတ်လ လလယ်ပိုင်း၌ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Source: The Star, 05 Aug 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
