မြင်းခြံမြို့ စံပြဈေးတွင် သက်သာဈေးရောင်းချပေးရာ လာရောက်ဝယ်ယူသူများဖြင့်စည်းကား

Powered by Drupal

           မြင်းခြံမြို့နယ်ရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြည်သူသက်သာဈေး ရောင်းနေ့အား (၆-၈-၂၀၂၆) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ စံပြဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဦးဆောင် ဆောင်ရွက်လျက်ရှိပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ဆန်အသင်းအဖွဲ့၊ ဆီအသင်းအဖွဲ့နှင့် ဈေးကော်မတီဝင်များပူးပေါင်း၍ ဆန်တစ်ပြီ ၃၇၀၀/ကျပ် ၊ စားအုန်းဆီတစ်ပိဿာ ၈၆၇၅/-ကျပ် ၊ ကြက်ဥတစ်လုံး ၅၀၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ် ၊ ဝက်သားတစ်ပိ ဿာ ၂၆၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၈၀၀၀/-ကျပ်များဖြင့်ရောင်းချပေးခဲ့ပြီး မြို့ပေါ်ရှိ ရပ်ကွက်စုံမှ အများပြည်သူများ၊ ကျေးလက်ဒေသမှ ကျေးရွာသူကျေးရွာသားများ လာရောက်ဝယ်ယူ ကြပါသည်။ အဆိုပါဈေးရောင်းချမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် အတူပူးပေါင်းပါဝင် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့် အေးမြသီတာ ဈေးတို့တွင် အလှည့်ကျပုံမှန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)