
ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ၄.၈.၂၀၂၆ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန(PPRD)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မြို့နယ်စက်သုံးဆီ ရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့်အတူ ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်းရှိ စက်သုံးဆီ ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်း ချစေရေး၊ တည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များအား အထူးအလေးထား လိုက်နာ ဆောင်ရွက်စေရေး၊ သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများအပေါ်အခြေခံ၍ ဒေသအလိုက်ဖြစ်သင့်ဖြစ်ထိုက်သော နှုန်းထားများဖြင့်သာ မှန်ကန်စွာရောင်းချမှုရှိစေရေး၊ အရည်အသွေးနှင့်အချိန်အတွယ်များ ပြည့်ဝမှန်ကန်စေရေး၊ သက်ဆိုင်ရာ ဌာနများသို့ ပေးပို့သောဈေးနှုန်းများနှင့်မြေပြင်တွင် ရောင်းချနေသောဈေးနှုန်းများ မှန်ကန်မှုရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများမရှိစေရေး၊ ဆီကားရောက်ရှိမှုအခြေ အနေများအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းနှင့်ဆက်လက်၍လည်း စဉ်ဆက်မပြတ် မြေပြင်ကွင်းဆင်းကြီးကြပ်ထိန်းကျောင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများ ဝယ်ယူသုံးစွဲရာတွင် စည်းကမ်းတကျရှိစေရေး၊ စက်သုံးဆီများခြိုးခြံချွေတာသုံးစွဲစေရေးနှင့် ဖူလုံမှုရှိ စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
DOCA(မန္တလေး)
