MyRO တွင် လစဉ်ရထုတ်ကျန်စာရင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း

Powered by Drupal

               မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ My RO တွင် ယခုဩဂုတ်လ၌ မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသောသိုလှောင်ရုံများ သက်တမ်း ပြန်လည်တိုးနိုင်ရေးနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင် များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို မပျက်မကွက်ထည့်သွင်းပေးနိုင်ရေး၊ ဒေသတွင်းဆန်စပါးဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးများကိုအခြေခံ၍ သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချ စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးအနေဖြင့် လစဉ်ကြပ်မတ်ဆောင်ရွက်လျက် ရှိရာ(၄.၈.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အေးမြသီတာဈေးနှင့် မြို့မစည်ပင်သာယာဈေးတိုက်တန်းရှိ ဆန်ရောင်း ဝယ်ရေးဆိုင်များသို့ ကွင်းဆင်းကြီးကြပ် စစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ပါသည်။ သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် များဖြည့်သွင်းရာတွင် ရေးသွင်းသည့်အရေအတွက်နှင့် မြေပြင်လက်ကျန်အရေအတွက်များ မှန်ကန်မှုရှိရန်၊ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)