အောင်ပန်းမြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင် သောအဖွဲ့စုံသည် အောင်ပန်းမြို့ပေါ်ရှိ Mini Market ၊ စတိုးဆိုင်များ၊ ဆန်အရောင်းဆိုင်များသို့ (၁၁-၈-၂၀၂၆) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆန်နှင့် ဆန်ထွက် ပစ္စည်းများ အရည်အသွေး၊ အရေအတွက်၊ဈေးနှုန်းမှန်ကန်စေရေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြရာတွင် ဈေးအရောင်းစင်တာ (လက်လီ/လက်ကား) ဆိုင်များတွင် Comsumer Packaging ဖြင့် ရောင်းချရာတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားသော  ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ (စပါးသစ်ပေါ်ချိန်)အထိ ရောင်းချရမည့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးနှုန်း များဖြင့် ရောင်းချနေခြင်း ရှိ/မရှိ၊  ဆန်အမျိုးအစား အလိုက်ရောင်းချနေသည့် ဈေးနှုန်းများ ကိုက်ညီမှု ရှိ/မရှိ ၊ အရည်အသွေး နှင့် အချိန်အတွယ်များ ပြည့်ဝမှန်ကန်မှု ရှိ/မရှိ အခြေအနေများကို စစ်ဆေးခဲ့ ကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေး ကိစ္စရပ်များအပြင် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုန်စည် စီးဝင်/စီးထွက်မှု အခြေအနေ များကို စာရင်းကောက်ယူခြင်း၊ ‌ဈေးကွက်အတွင်း နေ့စဉ်ကုန်ဈေးနှုန်း ဖြစ်ပေါ်မှု အခြေအနေများကို သုံးသပ်တင်ပြခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့များနှင့် ပေါင်းစပ်၍ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)