ငါန်းဇွန်မြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံ ဒေါ်သင်းသင်းဆွေသည် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ၁၆.၁၂.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှာ ကျင်းပပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၊Grade-8 ရှိ ကျောင်း သား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘ စုစုပေါင်း(၃၀)ဦးအား ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးမှ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအားအကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်များတွင် ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်အညွှန်းအမှတ်သားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့် အချက် အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုဆိုသည်မှာက ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာ ကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက အရေးဆိုတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များ၊ နည်းလမ်းများအကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အသင့်စားမုန့် အမျိုးမျိုးကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲများကို ကြည့်ရှုကြရန်လိုအပ်ပြီး၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားသော မုန့်ပဲသွားရည်စာများ နှင့်ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲကြရန် စသည်ဖြင့် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)